MUC

Print Friendly and PDF

Thursday, March 2, 2017

ရင်သားကင်ဆာ ပြန်ဖြစ်ပွားခြင်းကို ကာကွယ်ရန် တိကျသေချာသော နည်းလမ်းဖြစ်သည်


လေ့ကျင့်ခန်း လုပ်ခြင်းသည် ရင်သားကင်ဆာ ပြန်ဖြစ်ပွားခြင်းကို ကာကွယ်ရန် တိကျသေချာသော နည်းလမ်းဖြစ်သည်။
----------------------------
တစ်နေ့လျှင် နာရီဝက်ခန့် လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ရင်သားကင်ဆာ ကုသပျောက်ကင်းသော အမျိုးသမီးများတွင် အဆိုပါ ကြောက်စရာရောဂါ ပြန်လည် ဖြစ်ပွားမှုကို တားဆီးပေးနိုင်သည်။
ကနေဒါ နိုင်ငံမှ လေ့လာသူများက မကြာသေးခင်က တွေ့ရှိရမှုများကို ပြန်လည်သုံးသပ်ရာတွင် ရင်သားကင်ဆာ ကုသမှု ခံယူပြီးသော အမျိုးသမီးများသည် ရင်သားကင်ဆာ ပြန်ဖြစ်ပွားမှုကို လျော့နည်းစေရန် ဘ၀နေထိုင်မှု ပုံစံကို ပြောင်းလဲရန် ဆန္ဒရှိကြောင်း တွေ့ရသည်။ သို့သော် ထိုသို့ ပြောင်းလဲရာတွင် အကြံဥာဏ်များမှာ များလွန်း ရှုပ်ထွေးပြီး တိကျသော ဆုံးဖြတ်ချက် မလုပ်နိုင်ပေ။
လေ့လာသူများ၏ တွေ့ရှိချက်တွင် ကိုယ်ကာယ လှုပ်ရှားမှုများသည် ရင်သားကင်ဆာ ပြန်ဖြစ်ပွားမှု နှင့် သေဆုံးမှု ကို လျော့ချရန် ခိုင်မာမှု အရှိဆုံး အကျိုးသက်ရောက်မှု အနေဖြင့် တွေ့ရသည်။
အားပေးသတ်မှတ်ထားသော လေ့ကျင့်ခန်း ပုံစံများ ( ညွှန်ကြားမှု ရှိလျှက် တစ်ပတ်လျှင် လေ့ကျင့်ခန်း အတန်သင့် ၁၅၀ မိနစ်ခန့်မျှ လုပ်ခြင်း (သို့) ပြင်းထန် လေ့ကျင့်ခန်း ၇၅ မိနစ်မျှ လုပ်ခြင်း (သို့) လေ့ကျင့်ခန်း အချိန် တစ်ပတ် သုံးကြိမ်မျှ သွားခြင်း) သည် ရင်သား ကင်ဆာ ပြန်လည် ဖြစ်ပွားလာခြင်း နှင့် သေဆုံးခြင်းကို လျော့ချပေးနိုင်သည်။
ခွဲစိတ်ခြင်း ၊ ကင်ဆာ ဆေးသွင်းခြင်း စသော ကုသမှု၏ သက်ရောက်မှုများသည် လေ့ကျင့်ခန်းလုပ်ချင်စိတ်ကို အတားအဆီး ဖြစ်စေသည်။ သို့သော် ဆေးပညာ ဆိုင်ရာ လမ်းညွှန်ချက်များသည် ပုံမှန် လေ့ကျင့်ခန်း ပြန်လုပ်ခြင်းကို တဖြည်းဖြည်းချင်း ပြန်စရန် အားပေးသည်။
Reference… The Sun

To get the latest update of me and my works

>> <<