ငှက်ပျောသီးနဲ့ပတ်သတ်တဲ့ သင့်အတွက်အထောက်အကူပြုစေမယ့်အချက်တွေ ဗဟုသုတရဖွယ်ရာဖတ်ကြည့်ရအောင်။
၁။ စိတ်ဖိစီးမှု
ငှက်ပျောသီးဟာ သင့်ကို စိတ်ဖိစီးမှု လျှော့ချပေးတဲ့နေရာမှာ အင်မတန်အသုံးဝင်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ tryptophan လို့ခေါ်တဲ့ ပရိုတိန်းဓာတ်တစ်မျိုးဟာ သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ serotoninလို်ခေါ်တဲ့ ဓာတ်တစ်မျိုးကို ပြောင်းပြီး စိတ်ဖိစီးမှုတွေ အင်မတန်လျှော့ချပေးစေတယ်လို့ ဆိုပါတယ်။
၂။ သွေးဖိအား
ငှက်ပျောသီးမှာ ပိုတက်ဆီယံဓာတ်အများကြီးပါဝင်ပြီး ဆားအနည်းငယ်သာပါဝင်လို့ သွေးလည်ပတ်မှုကောင်းစေပြီး နှလုံးဖောက်တာမျိုးကို ကာကွယ်ပေးပါတယ်
၃။ ဦးနှောက်မှတ်ဉာဏ်စွမ်းအား
ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်ဆီယံဓာတ်တွေဟာ သင့်ရဲ့ ဦးနှောက် မှတ်ဉာဏ်အစွမ်းနဲ့ပတ်သတ်ပြီး ကြီးကြီးမားမားအထောက်အကူပြုပါတယ်။
၄။ ဝမ်းချုပ်တာ
ဝမ်းချုပ်ရင် ငှက်ပျောသီးစားလို့ ပြောတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ငှက်ပျောသီးမှာအမျှင်ဓာတ် အများဆုံးပါဝင်လို့ပဲ ဖြစ်ပါတယ်။ ဒီအမျှင်ဓာတ်တွေကနေ ဗိုက်ထဲမှာရှိတဲ့ အစာချေပြီးသားအစာတွေကို ဝင်ရောက်ပေါင်းစည်းပြီး ဝမ်းသွားစေဖို့ အထောက်အကူပြုပါတယ်။
၅။ ရောင်တာ၊ ယားတာ သက်သာတာ
ခြင်ကိုက်တာဖြစ်ဖြစ်၊ အကောင်တစ်ကောင်ကောင် ကိုက်တာပြဲဖစ်ဖြစ် ရောင်ပြီးဖုနေတဲ့ နေရာလေးကို ငှက်ပျောသီးနဲ့ သေချာပွတ်ထားပါ။ သိသိသာသာထိရောက်တာကို တွေ့ရပာလိမ့်မယ်။
source: sunnyskyz