ညဘက်အိပ်တဲ့အခါမှာ တစ်ချို့အမျိုးသမီးတွေက ဘရာမဝတ်ဘဲ အိပ်ရတာ လွတ်လပ်တယ်လို့ ခံစားတဲ့သူတွေ ရှိသလို တစ်ချို့တွေကလဲ ဝတ်ပြီးမှ အိပ်ရတာ လုံခြုံတယ်လို့ ခံစားရတဲ့သူတွေလဲ ရှိတတ်ပါတယ်။ ဒါပေမယ့် ဝတ်ရခြင်း၊ မဝတ်ရခြင်းမှာလဲ သူ့အကျိုးကျေးဇူးနဲ့သူ ရှိနေတတ်ပါတယ်။
ဒါပေမယ့် အခြားတစ်ဖက်မှာတော့ တစ်ချို့အမျိုးသမီးတွေဟာ ဘရာမဝတ်ဘဲအိပ်ရင် လွတ်လပ်ပေမယ့် ရင်သားတွဲကျတာမျိုးဖြစ်လာနိုင်တယ်လို့ ယူဆကြပါတယ်။ ဒါမျိုးကို ဆေးပညာဆိုင်ရာအရ သက်သေပြထားတာမရှိပေမယ့် ရင်သားတွဲကျတယ်ဆိုတာဟာ အသက်အရွယ်၊ မျိုးရိုးဗီဇနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးနို့တိုက်တဲ့အခါမှာပဲ ဖြစ်တတ်တာလို့ ဆိုပါတယ်။
ဒါကြောင့်မို့ ညဘက်ဘရာဝတ်ပြီးအိပ်မယ့်သူတွေအတွက် အရမ်းမကျပ်ဘဲ သက်တောင့်သက်သာရှိတဲ့ ဘရာကိုသာရွေးချယ်ဝတ်ဆင်သင့်ပြီး ဘရာမဝတ်တတ်တဲ့သူတွေကလဲ ရင်သားတွဲကျမှာကို စိတ်ပူစရာမရှိပါဘူး။
source: viral4real