MUC

Print Friendly and PDF

Thursday, January 28, 2016

Noodle and Healh



`` ခေါက်ဆွဲခြောက်ထုပ် စားပြီး အစာအိမ်ထဲက အခြေအနေကို ပြသော Video ´´
‪#‎ခေါက်ဆွဲခြောက်ထုပ်‬ စားသူတိုင်း ကြည့်သင့်ပါတယ်။
ကျနော်အပါအဝင် စာဖတ်သူကိုယ်၌ လည်း အသင့်စား ခေါက်ဆွဲခြောက်ထုပ် ကို အရမ်း ကြိုက်လို့မဟုတ်ရင်တောင် အချိန်မရတဲ့ အခါ လွယ်လွယ်ကူကူ စားဖြစ်တတ်ကြတယ် မလား။
ဒါက ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအစာ မဟုတ်မှန်းတော့သိတယ်။

*ဒါပေမဲ့ တအားကြီး ဆိုးဝါးတဲ့ အစားအစာ လို့လည်း မမြင်မိဘူး။
ဥပမာ- ဟမ်ဘာဂါ တို့ ဆီကြော်မုန့်တွေ လောက်မဆိုးဝါးဘူး ထင်မိကြတယ်။
*Dr.Braden Kuo က ခေါက်ဆွဲကြိုက်တတ်တဲ့ စာဖတ်သူအများစု အတွက် စဉ်းစားပီး ဆေးလုံး အရွယ် ကင်မရာလေး[pill sized camera] ကို ခေါက်ဆွဲစားပြီးတဲ့ လူရဲ့ ဗိုက်ထဲ ဘာဖြစ်မလဲ ကြည့်ရအောင် အသုံးပြုခဲ့တယ်။
Video ထဲကအတိုင်း အသင့်စား ခေါက်ဆွဲခြောက်ထုပ် စားပီး * ၂ နာရီ ကြာ တဲ့အထိ တောင် ဒီအတိုင်း ပုံမပျက်ဘဲ အစာခြေ ခြင်း ခံနေရတာကို သိသိသာသာမြင်မှာပါ။
ဒုတိယတချက်က
*ခြေချက်စဉ် ၂-၄ နာရီ ကြားထဲမှာ ခေါက်ဆွဲတွေဟာ ပိုပွပြီး ကြီးလာတာတယ်။
လူအစားများတဲ့ ခေါက်ဆွဲခြောက်ထုပ်ရဲ့ အခြေအနေနဲ့
‪#‎အိမ်မှာ‬ လတ်လတ်ဆတ်ဆတ် ကိုယ်တိုင်လုပ်တဲ့ ခေါက်ဆွဲ Homemade Fresh noodle နဲ့ နှိုင်းယှဉ်ပြပေးထားပါတယ်။
ဒီတော့ အဓိက ဆိုလိုရင်းက
``အချိန်အကြာကြီး အစာမကြေနိုင်ဘူး ´´
*၂ နာရီ / ၄ နာရီ / ၆ နာရီ ထိ ကို ကြာနိုင်တယ်။
ဘာလို့လဲ ဆိုတော့ Fiber ဆိုတဲ့ အမျှင်ဓာတ်ကို ဖယ် ထားလို့ပါ။
*အချိန်အကြာကြီး အစာလမ်းကြောင်းမှာ ရှိနေတာဟာ ကြီးမားတဲ့ ပြဿနာ မဟုတ်လောက်ဘူး လို့ မထင်လိုက်ပါနဲ့!!!
*အူနံရံတွေက သူတို့နဲ့ ထိတွေ့နေ့တဲ့ အစာထဲက ရသမျှ အာဟာရဓာတ် တွေ ကို စုပ်နိုင်သလောက် စုပ်ယူတော့မှာ။
‪#‎အသင့်စားခေါက်ဆွဲ‬ ထဲမှာ အာဟာရဓာတ် ဆိုတာ မပါသလောက်ပဲ။
အဆိုးဝါးဆုံးက *TBHQ ဆိုတဲ့ အဆိပ်ရှိ တာရှည်ခံပစ္စည်း Tertiary-butyl hydroquinone ပါနေတယ်။
‪#‎TBHQ‬ ရဲ့ အကြောင်းကို မျှဝေချင်သေးလို့ စာဖတ်သူမှာ အချိန်ရသေးရင် ဆက်လက်ဖတ်ရှုစေချင်ပါတယ်။
*ဒီဖြည့်စွက် ဓာတုပစ္စည်းက ခေါက်ဆွဲခြောက်သား နဲ့အတူ သင့် ဗိုက်ထဲမှာ အချိန်အကြာကြီး ရှိနေပြီး အူတွေ နဲ့ ထိတွေ့နေသရွေ့ ကာလပတ်လုံး TBHQ ကို စုပ်ယူနေမှာ။
ကျန်းမာရေးအတွက်လုံးဝမကောင်းဘူး။
#TBHQ ကို ရေနံ ကနေ ထုတ်တဲ့ Antioxidant လို့ စာရင်းသွင်းထားပေမဲ့ ဓာတ်ခွဲခန်းထဲမှာ လုပ်ထားတဲ့ Antioxidant ပါ။ သာဘာဝ antioxidant မဟုတ်လို့
အစားအစာတွေ သက်တမ်းပိုကြာရှည်ခံအောင် လုပ်ပေးနိုင်တယ်။
*FAO/WHO အရ ခန္ဓာကိုယ်အလေးချိန်ရဲ့
` 0 - 0.5 mg/kg ´ သာ စားသင့်တယ်လို့ သိရပါတယ်။
` TBHQ 5 g ဆိုရင် သေစေနိုင်တယ် ´
‪#‎တစ်ပတ်‬ ၂ ကြိမ်ထက် ပိုစားတဲ့ အမျိုးသမီး တွေရဲ့
၆၈ % မှာ
၁) အဝလွန်ခြင်း
၂) သွေးတိုးခြင်း
၃) သွေးတွင်းသကြားဓာတ်မြင့်ခြင်း {ဆီးချိုတက်ခြင်း}
၎) ကောင်းသော အဆီဓာတ် HDL လျှော့ကျခြင်း
တွေဖြစ်လာတယ်။ ဆီးချို နဲ့ နှလုံးသွေးလည်ပတ်မှု ဆိုင်ရာ ရောဂါ တွေ ဖြစ်ဖို့ အလားအလာတွေပါ။
ခေါက်ဆွဲခြောက်အမြဲစားတဲ့ လူတွေမှာ ခေါက်ဆွဲခြောက်ထုပ်လုံးဝ မစားတဲ့ လူတွေထက်
*Protein, Calcium , Phosphorus , Iron , Potassium, Vitamin A, niacin, Vitamin C စတဲ့ ဓာတ်တွေ သိသိသာသာ ချို့တဲ့နေတယ်။
ဒါ့အပြင်…
*စွမ်းအင်ကုန်ခမ်းခြင်း၊
*မကောင်းတဲ့ အဆီများခြင်း နဲ့
*Sodium ဓာတ် များခြင်းတို့ဖြစ်နိုင်ပါတယ်။(ခေါက်ဆွဲခြောက် တထုပ်မှာ Sodium ၂၇၀၀ မီလီဂရမ် ပါရှိ)
‪#‎ခေါက်ဆွဲခြောက်သား‬ မှာ ဂျုံမှုန့်၊ စားအုန်းဆီ နဲ့ ဆား အခြေခံပါဝင်ပီး
‪#‎ဟင်းခပ်အမှုန့်ထုပ်‬ မှာ ဆား၊ အချိုမှုန့် (MSG = Monosodium glutamate)၊ အရသာမှုန့်၊ သကြား အခြေခံပါဝင်ပါတယ်။
အချိုမှုန့် နဲ့ အရသာမှုန့် မကောင်းကြောင်း ဆက်ပြောရင် မိုးလင်းသွားနိုင်တာမို့ ဒီမှာပဲအဆုံးသတ်ခွင့်ပြုပါ
smile emoticon
EWG အဖွဲ့က တိရိစ္ဆာန် တွေအပေါ် စမ်းသပ်ပီးပါပီ။
‪#‎အသည်း‬ ‪#‎မျိုးပွားခြင်းဆိုင်ရာ‬ နဲ့ ‪#‎ဇီဝကမ္မဖြစ်စဉ်‬ တွေကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။
ကိုယ်တိုင်တောင် စားမိသေးတာမို့ မစားပါနဲ့ ရှောင်ပါလို့ မပြောလိုပါဘူး။ လတ်လတ်ဆတ်ဆတ် ဂျုံ/ဆန် ခေါက်ဆွဲ လုပ်မစားနိုင်ရင် ဝယ်စားနိုင်ပါတယ်။
အသင့်စား ခေါက်ဆွဲခြောက်ထုပ်တွေတော့ ‪#‎ရှောင်နိုင်သလောက်ရှောင်ပါ‬
` ချက်ချင်း ဆေးရုံတက်စေလောက်တဲ့ အဆိပ်မဟုတ်ပါဘူး´
ကျနော့် အဖွားပြောသလိုပါပဲ `မဖြစ်သေးခင်တော့ မဖြစ်ပါဘူး´
စာဖတ်သူလည်း ရှောင်နိုင်သမျှ ရှောင်နေပါစေ၊
*နာလန်ထစ လူမမာတွေ၊ ကလေးငယ် နဲ့ သက်ကြီးရွယ်အိုတွေ ကိုတော့ ပြုတ်မတိုက်မိပါစေနဲ့ လို့ တိုက်တွန်းရင်း
smile emoticon
ကျေးဇူးတင်ပါတယ်။
ဆက်လက်ကြိုးစားသွားပါဦးမယ်>>>

To get the latest update of me and my works

>> <<